St Nikolas အမည်ရှိ အမေရိကန် လောင်စာဆီတင်သင်္ဘောအား အီရန်က အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းချုပ်လိုက်ကြောင်း အီရန်ရေတပ်က ထုတ်ပြန်ထားပါတယ်။ ယခုကဲ့သို့ ဖမ်းဆီး ထိန်းချုပ်လိုက်ခြင်းသည် ၂၀၂၃ ခုနှစ် အတွင်းက အီရန်၏ ရေနံများအား အမေရိကန်က ခိုးယူခဲ့ခြင်းကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်းသိရပါတယ်။ St Nikolas သင်္ဘောကို ယခင်က ဆူးအက်ရာဂျန်ဟု အမည်ပေးထားပြီး ယင်းသင်္ဘောသည် အမေရိကန်၏ ကွပ်ကဲမှုအောက်တွင် အီရန်ရေနံတင် သင်္ဘောတစ်စင်းမှ ရေနံများကို ပြီးခဲ့သည့်နှစ်အတွင်းက ခိုးယူ၍ အမေရိကန် ဆိပ်ကမ်းများသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ #Crd

