St Nikolas အမည်ရှိ အမေရိကန် လောင်စာဆီတင်သင်္ဘောအား အီရန်က အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းချုပ်လိုက်ကြောင်း အီရန်ရေတပ်က ထုတ်ပြန်ထားပါတယ်။ ယခုကဲ့သို့ ဖမ်းဆီး ထိန်းချုပ်လိုက်ခြင်းသည် ၂၀၂၃ ခုနှစ် အတွင်းက အီရန်၏ ရေနံများအား အမေရိကန်က ခိုးယူခဲ့ခြင်းကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်းသိရပါတယ်။ St Nikolas သင်္ဘောကို ယခင်က ဆူးအက်ရာဂျန်ဟု အမည်ပေးထားပြီး ယင်းသင်္ဘောသည် အမေရိကန်၏ ကွပ်ကဲမှုအောက်တွင် အီရန်ရေနံတင် သင်္ဘောတစ်စင်းမှ ရေနံများကို ပြီးခဲ့သည့်နှစ်အတွင်းက ခိုးယူ၍ အမေရိကန် ဆိပ်ကမ်းများသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ #Crd
Related Posts
ထိုင်းနိုင်ငံ၌ Cobra Gold 2023 လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းကိုစတင်
- ရှင်ယွန်း
- March 1, 2023
လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး (HADR) အဓိကဆောင်ရွက်သည့် Cobra Gold 2023 နိုင်ငံစုံလေ့ကျင့်ခန်းကို ထိုင်းနိုင်ငံ၊ Rayong မှာ ဖေဖေါ်ဝါရီ ၂၄ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။ဖေဖေါ်ဝါရီလ […]
တရုတ်နိုင်ငံက စတုတ္ထမြောက်လေယာဉ်တင်သင်္ဘောတည်ဆောက်
- အေးခင်
- March 8, 2024
အနောက်ပစိဖိတ်ဒေသမှာ အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်ဖို့အတွက် စတုတ္ထမြောက်လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေပြီဖြစ်ကြောင်း ဘေဂျင်းမြို့မှာကျင်းပတဲ့နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ရဲ့ ရေတပ်ဗိုလ်ချုပ် ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။ အခုအသစ်တည်ဆောက်နေတဲ့ လေယာဉ်တင်သင်္ဘောဟာ […]
“နိုင်ငံ့အရံလောင်စာဆီများ လျော့နဲလာသည့်အမေရိကန်နိုင်ငံ”
- ရှင်ယွန်း
- March 23, 2023
အမေရိကန်နိုင်ငံ၏ဓာတ်ဆီ သိုမဟုတ် ဒီဇယ်ဖြင့်မောင်းနှင်ကြသောယာဥ်မောင်းသူပြည်သူများသည်ပြီးခဲ့သည်နွေရာသီတွင်အမေရိကန်နိုင်ငံ၏ဓာတ်ဆီစျေး၊ဒီဇယ်စျေးနှင့်လောင်စာဆီစျေးနှုန်းများမြင့်တတ်ခဲ့သလိုမျိုးထပ်ခါထပ်ခါကြုံတွေ့နေရကြောင်းလောင်စာဆီစျေးနှုန်းစောင့်ကြည့်လေ့လာရေးအဖွဲမှပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကသတိပေးထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင်အရံလောင်စာဆီအဖြစ်ထားရှိသောဓာတ်ဆီ၊ဒီဇယ်နှင့်လောင်စာဆီများသည်ယခုလာမည့်ပွင့်လင်းရာသီနှစ်လမှစ၍နောင်လာမည့်နှစ်များစွာတွင်အရံလောင်စာဆီလျော့နဲလာမှု၏အထွတ်အထိပ်သိုရောက်ရှိလာနိုင်ကြောင်းကိုပါသတိပေးပြောကြားခဲ့ပါသည်။