ဇန်နဝါရီလ ၄ ရက်တွင်တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ရန်လင်း ကျော်(၄) အမည်ရှိစက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့် တို့ လေးဦးနှင့်အတူ တန်ဖိုးငွေ ကျပ် ၃၆.၂၅ ဘီလီယံတန်ဖိုးရှိအိုက်စ် (မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၇ ရက်တွင် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူစိုးကျော်(ခ) စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ကမ်းနီးတံတားတို့ ဆိပ်ကမ်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။
Related Posts
တပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ
- ပုည
- May 24, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကိုယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် […]
ဗုဒ္ဓဘာသာကို စော်ကားလာတဲ့ လက်နက်ကိုင်များ
- admin
- October 3, 2024
ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုးထားကိုးကွယ်ရာ ဆင်းတုတော်များကို KNDF/KNPP/PDF ပူးပေါင်းအကြမ်းဖက်သမားတွေက ဦးခေါင်းများဖြတ်ပြီး ဖျက်ဆီးသွားတဲ့လုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လုံးဝသည်းမခံသင့်တဲ့ ရင်နာစရာလုပ်ရပ်ဖြစ်ပါတယ်… အခုလိုမျိုး ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်ယုံကြည်ရာ ဆင်းတုတော်တွေကို […]
စာသင်ကျောင်းကိုပိတ်ပြီး ဆန်ပွဲရုံလုပ်လိုက်တဲ့ MNDAA ရဲ့ လုပ်ရပ်
- အေးခင်
- May 24, 2024
သိန္နီမှာ စာသင်ကျောင်းကို ဆန်ပွဲရုံလုပ်လိုက်ပြီး ကလေးတွေ စာမသင်ဖို့ ပိတ်ပင်လိုက်တဲ့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့လုပ်ရပ်ကို ပြည်သူများမှ မခံမရပ်နိုင်အောင်ဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ စာသင်ကျောင်းဆိုအနာဂတ်ရဲ့ မျိုးဆက်သစ်များ မွေးထုတ်ပေးတဲ့နေရာပါ လူချွန်လူကောင်းတွေ ပညာတတ်တွေမွေးထုတ် […]