နားလည်ပေးလိုက်ခြင်းက
အဆင်ပြေမှုကို ရစေနိုင်ပါတယ် ။
သည်းခံပေးလိုက်ခြင်းက
အေးချမ်းမှုကို ဖြစ်စေပါတယ် ။
စွန့်လွှတ်ပေးလိုက်ခြင်းက
စိတ်ပေါ့ပါးမှုကို ဖြစ်စေပါတယ် ။
ရုပ်ရောဂါတွေအတွက်
ကုစရာဆေးတွေရှိပေမယ့်လည်း
စိတ်ရောဂါအတွက်ကတော့
တရားမရှိရင်ပျောက်ဖို့မလွယ်ပါဘူး ။
ကိုယ်စိတ်ရဲ့ ချမ်းသာမှုဟာ
ကိုယ့်ဆီမှာနှလုံးသွင်းမှန်မှရပါတယ် ။
အများအကြောင်းသိပ်မတွေးပါနဲ့
သောကတွေ ပူစရာတွေ
ကိုယ့်ဆီကို ရောက်နိုင်စေပါတယ် ။
ကိုယ်ကောင်းတာတွေလုပ်ဖြစ်ဖို့ရယ်
ကိုယ့်သံသရာခရီး ချော့မွေ့ဖို့ရယ်ကို
သေချာလေး စဥ်းစားပြီးတော့
သူများအပြစ်ကိုမကြည့်ပဲ
ကိုယ်ကောင်းအောင်နေဖို့ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏