ကယန်းမွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ ကတော့ ၂၀၂၃ ခုနှစ်အတွက် စူပါဘန်တမ်ဝိတ်တန်းရဲ့ အကောင်းဆုံးအမျိုးသမီး မွေထိုင်းကစားသမားစာရင်းမှာ နံပါတ် ၇ နေရာမှာ သတ်မှတ်ခံခဲ့ရပါတယ်။World Muay Thai Organization ရဲ့ထုတ်ပြန်ချက်အရ ဗရော်နီကာ ဟာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေထိုင်းကစားသမား ထိပ်တန်း ၁၀ ဦး အနက် နံပါတ်(၇)နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ဗရော်နီကာဟာ ၂၀၂၂ ခုနှစ်အတွက် World Muay Thai Organization-WMO က ချီးမြှင့်ထားခဲ့တဲ့ အကောင်းဆုံး အမျိုးသမီးမွေထိုင်းကစားသမားဆုကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း မွေထိုင်းဖိုက်တာစာရင်းမှာ နံပါတ် ၇ နေရာတွင် ရပ်တည်ခဲ့တဲ့ ဗရော်နီကာ
