ဇန်နဝါရီလ ၂ ရက်ညနေပိုင်းက ဂျပန် လေကြောင်းလိုင်း(JAL) လေယာဉ်တစ်စင်းဟာ မြေပြင်အဆင်းမှာ အခြားလေယာဉ်တစ်စင်းနဲ့ တိုက်မိခဲ့ပုံရအပြီး တိုကျိုမြို့ Haneda လေဆိပ် ပြေးလမ်းပေါ်မှာ မီးတောက်လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၃၆၇ ဦးနဲ့ အမှုထမ်း ၁၂ ဦး ပါဝင်ခဲ့ပြီး အားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NHK သတင်းဌာနက သတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ Haneda အခြေစိုက်စခန်းရှိ ၎င်းတို့ လေယာဉ်တစ်စင်းနဲ့ JAL လေယာဉ်တို့ တိုက်မိခဲ့တာဖြစ်ဖြစ်ပြီး JAL လေယာဉ်က ပြေးလမ်းကြောင်း C ကို ဆင်းသက်လာစဉ် တိုက်မိခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။


