ကျပ်သိန်း ၁၀၀၀ ဆုအပါ အဝင် ဆုမဲများလာရောက် ထုတ်ယူခြင်းမရှိသေးသည့် ဆုမဲများ ထုတ်ယူရန်ကျန်ရှိနေသေးသည့်အတွက် (၄၇) ကြိမ်မြောက် အစိုးရအောင်ဘာလေသိန်းထီလက်မှတ်များအား ထီပေါက်စဉ်နှင့်ပြန်လည်တိုက်ကြည့်ကြပါရန် အသိပေးအပ်ပါသည်။ ကျပ်သိန်း ၁၀၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀၀ တစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားကြောင်းလည်းသိရပါတယ်။


