ဇန်နဝါရီလ ၁ ရက်နေ့ ၁၁ နာရီတွင် ရပ်စောက်မြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအထွက် ရပ်စောက် – ကောင်းဘို ကျေးရွာသွား ကားလမ်းပေါ်၌ မူးယစ်ဆေးဝါးသတင်းအရ လုံခြုံရေးပူးပေါင်း အဖွဲ့က ပိတ်ဆိုစစ်ဆေးရှာဖွေနေစဉ် ရပ်စောက်ဘက်မှ ကောင်းဘိုကျေးရွာဘက်သို့ မော်တော်ဆိုင်ကယ် (အနက်ရောင်)အား မောင်းနှင်လာသူ အောင်ကျော်သက်၊ ၄၆ နှစ်၊ (ဘ)ဦးတင်ဝင်း၊ တောင်သူ၊ ရွာသစ်ကျေးရွာ၊ ရပ်စောက်မြို့နယ်နေသူအား စစ်ဆေးရှာဖွေရာ ၄င်းလွယ်ထားသော ဘေးလွယ် အိတ်အတွင်းမှ အဝါရောင်တိပ်များဖြင့် ပတ်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ (၅၀)ထုပ်၊ စုစုပေါင်းဆေးပြား(၁၀၀၀၀)ပြား၊ အလေးချိန်(၉၀၀) ကီလိုဂရမ်ခန့်၊ ကာလစုစုပေါင်းတန်ဖိုး(၅၀၀၀၀၀၀) ကျပ်ခန့်အား ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။


