ယူကရိန်းစစ်ရှုံးသွားပါက အမေရိကန်က ရုရှားစစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာနိုင်ကြောင်း ဘိုင်ဒန် သတိပေး

ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်ရသွားခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ရမယ့်စစ်ပွဲထဲကို ဝင်ရောက်လာရမယ့် အန္တရာယ်ရှိနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့က ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှားက လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက်မှာ အခုလို ဂျိုးဘိုင်ဒန်ရဲ့ ပြောကြားချက်ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။