မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပထမဆုံးအပန်းဖြေအပျော်စီးသင်္ဘောခရီးစဉ်ကို Harmony River Cruise သင်္ဘောက အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေ နေ့တိုင်း ပြေးဆွဲပေးနေကြောင်းသိရပြီး ခရီးစဉ်အနေဖြင့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ထားဝယ်တံတားမှ စတင်ထွက်ခွာကာ သံလွင်မြစ်အတွင်း မောင်းနှင်သွားလာမည်ဖြစ်ပြီး လှပသည့်တောင်တန်း၊ စေတီပုထိုးများ၊ ယာခင်းတောများ၊ တစ်ပိုင်တစ်နိုင်ငါးဖမ်းလှေများ၊ နေဝင်ချိန်အလှအပများကို ခံစားနိုင်မည်ဖြစ်ကာ မောင်းနှင်ချိန်မှာ နှစ်နာရီခန့်ကြာမြင့်မည် ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဘူဖေးပါဝင်မည်ဖြစ်ပြီး လက်မှတ်တစ်စောင်ကို လူကြီး ငွေကျပ် ၂၀၀၀၀ နှင့် ၁၀ နှစ်အောက်ကလေးငယ်များ ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဟု သိရကာ Unplugged အစီအစဉ်များလည်း ပါဝင်ကြောင်း သိရပါတယ်။
