ဒီဇင်ဘာ ၂၈ ရက်နေ့တိုက်ပွဲသတင်းများ

-ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ်အတွင်းရှိ ခမရ(၃၂၂)၊ ဒကစ(လောက်ကိုင်) ၊ နားလီ(ရှမ်းရွာ) နှင့် လားရှိုးမြို့နယ် နမ့်ပေါင်ရွာတို့တွင် တပ်မတော်စစ်ကြောင်းများနှင့် MNDAA အကြမ်းဖက်သောင်းကျန်းသူများ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရ။

-ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ရသုံးမှန်းခြေရုံးနှင့် အထက(၂)များသို့လည်းကောင်း၊ ဖယ်ခုံမြို့နယ်ရှိ လွိုင်ဖာဆာစခန်းသို့လည်းကောင်း KNPP/KNDFနှင့် PDF ပူးပေါင်းအဖွဲ့များက အင်အားများဖြန့်ခွဲ၍ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရ။

-ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရဲကင်းစခန်းသို့ နယ်မြေရှင်းလင်းချီတက်စဉ် KNLA တပ်မဟာ(၆)၊ KNDO ရင်း(၆)နှင့် PDF ပူးပေါင်း ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ လက်နက် ၃ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၇ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

-ရခိုင်ပြည်နယ် ပေါက်တော၊ ရဲစခန်းလမ်းဆုံသို့ AA သောင်းကျန်းသူ ၃၀ ဦးခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ တံတားထိပ်နေရာသို့ AA သောင်းကျန်းသူ ၇ ဦးခန့်က ချဉ်းကပ်လာသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း AA သောင်းကျန်းသူ ၁ ဦး၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့်၊ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၁ လုံး၊ လွယ်ကြိုး ၁ ချောင်း၊ ကျည်ကာဦးထုပ် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

-ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးနယ်ရဲစခန်းသို့ နေရာ ၄ နေရာမှ အကြမ်းဖက် ၂၇၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။