ဒီဇင်ဘာလ ၂၆ ရက်နေ့က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ရှိ နန်စူးကျောင်းတော်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနဲ့ ကိုးကွယ်ယုံကြည်သူ ၂၀၀ ကျော်ဟာ လျောင်းတော်မူဘုရားကြီးကို သန့်စင်ပေးနေပါတယ်။ ဒီလျောင်းတော်မူဘုရားကြီးကို ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး အရှည် ၄၁ မီတာ၊ အမြင့် ၁၁ မီတာရှိကာ ကမ္ဘာ့အကြီးဆုံး ကြေးလျောင်းတော်မူဘုရားကြီး ဖြစ်ပါတယ်။





