ကျောက်တော်က AA ဆက်ကြေးတာဝန်ခံသေဆုံး

ရခိုင်ပြည်နယ်တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်းအကြမ်းဖက်သမား AA များအနေဖြင့် သေဆုံးမှုများပြားလာလျက်ရှိရာ AA အဖွဲ့ထဲသို့ ဝင်ရောက်မည့်သူများရှားပါးလာတာကြောင့် အတင်းအဓမ္မဖမ်းယူစုဆောင်နေရပြီး စားရေရိက္ခာပြတ်လတ်မှုများကိုလည်း ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ ယခုတစ်ဖန်မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကျောက်တော်မြို့အတွက် တာဝန်ခံဆက်ကြေးကောက်ပေးနေသည့် ဆက်ကြေးတာဝန်ခံဆိုသူသည်လည်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီတော့ AA တွေအနေနဲ့ ပိုပြီးအငတ်ဘေးကြုံရတော့မယ်ဆိုတဲ့ သဘောရောက်သွားပြီပေါ့….