မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌻အမုန်းမဖက်ပဲ မေတ္တာတရားတွေနဲ့🌻

ဘဝဆိုတာ တိုတိုလေးပါ
ဘာမှမကြာ
ခဏလေးမျှသာ ဖြစ်ပါတယ်

ဘဝဆိုတာ
တသမတ်တည်း
ပုံသေ ဘယ်သူမှရှိမနေပါဘူး

ဘဝဆိုတာ
နာရီ စက္ကန့်နဲ့အမျှ
ပြောင်းလဲနေတတ်ပါတယ်

ဘဝဆိုတာ
ကိုယ်လုပ်သလို ဖြစ်ချင်မှ
ဖြစ်မယ်
ကိုယ်မထင်ထားတဲ့ အရာတွေ
ဖြစ်နိုင်တယ်

ဘဝဆိုတာ
ဖြစ်ပြီးရင် ပျက်စီးမယ်
မွေးဖွားပြီးရင် သေဆုံးမယ်

တည်မြဲမှုမရှိ
အမြဲပြောင်းလဲနေတတ်တဲ့
လောကကြီးထဲမှာ

အတိတ်ရေစက်ကြောင့်
ခဏတာ လာရောက်ဆုံတွေ့
ကြရတယ်

အဲလိုဆုံတွေ့ရချိန်လေးမှာ
ဘယ်သူကိုမှလည်း
နာကျင်အောင် ပျက်စီးအောင်
မလုပ်ပါနဲ့

တစ်ဦးနဲ့တစ်ဦး
အမုန်းအဃာတတွေနဲ့
တစ်ယောက်နဲ့တစ်ယောက်
မုန်းတီးပြီး ရန်ငြိုးဖွဲ့မနေလိုက်
ပါနဲ့

တန်ဖိုးရှိတဲ့ အချိန်တွေကို
ကိုယ့်ဘဝအတွက် အများ
အတွက်
အကျိုးရှိအောင် အသုံးချပြီး
နေထိုင်ပါ

ခဏတာ
ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်
လေးမှာ

ဘဝကို
အေးချမ်းစွာ ဖြတ်သန်းနိုင်အောင်

ဘယ်သူကိုမှ
အမုန်းမဖက်ပဲ မေတ္တာတရားတွေနဲ့
ဘဝကို ရှင်သန်ဖြတ်သန်းလိုက်ပါ ။🌼🌼🌼

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️