နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကိုလှူဒါန်းခဲ့ပါတယ်။ ဒေသခံပြည်သူများအားလည်း နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပါတယ်။





