-ဒီဇင်ဘာ ၁၀ ရက် ၁၃၃၀ နာရီတွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊ ရွာလယ်လမ်းမကြီးနေ ဦးမြင့်သောင်း သည် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း(၆၃)နှစ်၊ သမီးများဖြစ်သော ဒေါ်ခိုင်ငြိမ်းအေး(၄၂)နှစ်၊ မကေသွယ်အေး(၃၅)နှစ် နှင့် သားဖြစ်သူ မောင်ဇေမိုးအောင်(ခ)စည်သူ(၃၁)နှစ် တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၆ ဦးသည် လက်လုပ်သေနတ်များကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်းမှ ငွေသား ၇၀၀,၀၀၀ ကျပ်ခန့်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ယူဆောင်ကာ တောင်ပလူကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။
-ဒီဇင်ဘာ ၁၀ ရက် ၁၄၀၀ နာရီတွင် ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်တော၌ စပါးရိတ်နေသည့် မောင်လှငွေ(၃၀)နှစ်၊ မောင်ငြိမ်းချမ်းဦး(၂၈)နှစ်၊ မောင်ဇော်ညီနောင်(၂၇)နှစ်၊ မောင်ဇော်ထက်(၃၀)နှစ်၊ မောင်နိုင်မင်းထွန်း(၂၈)နှစ်၊ မောင်ငပိန်း(၂၈)နှစ်တို့ ၆ ဦးအား PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၂၀ ဦးခန့်မှ ဆည်ကြီးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။
-ဒီဇင်ဘာ ၁၀ ရက် ၁၃၁၀ နာရီတွင် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာနေ ဦးအေးလွင်ဦး(၄၄)နှစ်သည် စကျင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်ပြီး ၎င်း၏နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ် (စိစစ်ဆဲ) ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးအေးလွင်ဦးတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနံဘေးကျည်ဖောက်ဝင် ယာနံဘေးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာလက်မစုတ်ပြဲဒဏ်ရာ ၁ ချက်တို့ဖြင့်နေရာတွင် သေဆုံးခဲ့ကြောင်းသိရှိရ။
–