ခေတ်အဆက်ဆက်က တိုင်းပြည်အတွက်အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်များအား အမှတ်တရဂုဏ်ပြုပွဲကို ယနေ့ နေပြည်တော် သူရဲကောင်းဗိမာန်မှာ ကျင်းပလျက်ရှိပါတယ်။
နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဒဿမအကြိမ်မြောက် အခမ်းအနားတွင် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်အရာရှိ(ငြိမ်း)များ၊ တပ်မတော်သား မိသားစုဝင်များက ပန်းစည်း၊ ပန်းခြင်းတွေနဲ့ဂုဏ်ပြုကြမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်တွေလွှတ်တင်ကြမည် ဖြစ်ကြောင်း သိရှိရပါတယ်။






