ဂွီရာဆီ၏ လျော်ကြေးစာချုပ် ယူရိုသန်း (၂၀)အောက်သာရှိ

ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် စတုဂတ်အသင်းအတွက် ခြေစွမ်းပြနေသည့် ဂီနီတိုက်စစ်မှူး ဂွီရာဆီ၏ လျော်ကြေး စာချုပ်မှာ ယူရိုသန်း (၂၀)အောက်သာရှိကြောင်း သိရသည်။ 

ထို့ကြောင့် မန်ယူ၊ နယူးကာဆယ်၊ အေစီမီလန်နှင့် ရိုးမားအသင်းများက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ၎င်းအားခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြကြောင်း သိရသည်။ 

ဂွီရာဆီ (၂၇ နှစ်)သည် ယခုရာသီ၌ စတုဂတ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲတွင် (၁၆)ဂိုး သွင်းယူထားသူဖြစ်သည်။ 

၎င်းသည် စတုဂတ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ယူရို (၁၇.၅)သန်းဖြင့် ထွက်ခွာနိုင်မည်ဟု သိရသည်။