စစ်တပ်ဘက်က အကျအဆုံးကိုပဲ ပုံကြီးချဲ့ ထပ်ခါတလဲလဲ အမှန်အမှား ရောထွေးတင်နေတဲ့ မီဒီယာများ သိစေချင်ပါတယ်။
စစ်တပ်ဘက်က အလောင်းလက်နက်တွေ ဓာတ်ပုံမှတ်တမ်းရရှိမှသာ အတိအကျတင်တာဖြစ်လို့ ယခုဖော်ပြပါ ရန်သူထိခိုက်ကျဆုံးမှုတွေဟာ အနည်းဆုံးအရေအတွက်ဖြစ်ပါတယ်။
အလောင်းပြန်သယ်သွားတဲ့အရေအတွက်၊ ဒဏ်ရာ အပြင်းအထန်ရရှိပြီး သေဆုံးသူအရေအတွက်တွေပါ ထပ်ပေါင်းလိုက်ရင်တော့ ဒီထက် ၂ ဆ များသွားနိုင်ပါတယ်။
ဘယ်သူသေသေ ကိုယ့်နိုင်ငံသားတွေဖြစ်လို့ စိတ်မကောင်းဖြစ်ရသလို PDF အလောင်းတွေကို စိစစ်ချက်အရ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အတွင်း အများဆုံး သေဆုံးနေကြလို့ အရွယ်ကောင်းလူငယ်လေးတွေ ဘဝပျက် သေဆုံးနေကြတာ တိုင်းပြည်ရဲ့ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်။