နိုဝင်ဘာ ၂၈ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အမှတ်(၇) တပ်မတော်ဆေးရုံ(၁၀၀) သို့ KNPP/KNDF နှင့် PDF အဖွဲ့က နေ့လည် ၁ နာရီခွဲခန့်တွင် ဒရုန်း ၁ စီးဖြင့် Drop Bomb ၁ လုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် ပြင်ပလူနာဆောင်ရှိ လေကာမှန် ၄ ချပ်၊ ပြတင်းပေါက်မှန် ၄ ချပ်နှင့် မျက်နှာကြက် ၄ ချပ် ပျက်စီးခဲ့ကြောင်း သိရှိရ။

၂။ကရင်ပြည်နယ် ချောင်းနှစ်ခွနယ်မြေရဲစခန်းသို့ နံနက် ၆ နာရီခန့်နှင့် ညနေ ၅ နာရီခန့်တို့တွင် KNLA တပ်မဟာ(၆) ၊ ရင်း(၁၇)နှင့် PDF ပူးပေါင်း ၃ ဦးခန့်တို့က ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၃။ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ ခင်နိမ်းမူဂိတ်(၃)သို့ KKO(ခွဲထွက်) နှင့် PDF ၃၀ ဦးခန့်တို့ နံနက် ၁၀ နာရီခွဲခန့်နှင့် ညနေ ၄ နာရီခွဲခန့်တို့တွင် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၄။မွန်ပြည်နယ် ဘီးလင်းမြို့နယ် လှဂွန်းပြိုစခန်းအနီး လုံခြုံရေးဆောင်ရွက်နေစဉ် စခန်း၏ အရှေ့တောင်ဘက်သို့အရောက် KNLA တပ်မဟာ ၅ ၊ ရင်း ၁၀၂ မှ အင်အား ၁၅ ဦးခန့်တို့ ဆွဲမိုင်း ၁ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်အတွင်း KNLA ၁ လောင်း၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၅။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းသို့ AA သောင်းကျန်းသူများက ညနေ ၆ နာရီခန့်တွင် နေရာ ၂ နေရာမှ ဒရုန်း ၅ စီး၊ Drop Bomb ၁၀ လုံးဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၆။ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဗောဓိကုန်းနယ်မြေရဲစခန်းသို့ AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က နံနက် ၇ နာရီခန့်တွင် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၇။ ရခိုင်ပြည်နယ် ပေါက်တောမြို့အတွင်း နယ်မြေရှင်းလင်းစဉ် AA သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ရေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၈။ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကန်ဒေါင့်ရဲကင်းစခန်းသို့ နံနက် ၆ နာရီခန့်က နေရာ ၃ နေရာမှ PDF ၁၅၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၉။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဇီးပင်သာ ပြည်သူ့စစ်စခန်းသို့ ညနေ ၆ နာရီခန့်က PDF ၅၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၁၀။ ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံးရဲကင်းစခန်းသို့ နံနက် ၇ နာရီခန့်က နေရာ ၃ နေရာမှ PDF ၆၅ ဦးခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၁၁။ ရှမ်းပြည်(တောင်ပိုင်း) ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ မိုင်းပေါက်ကွဲပြီး ကာလတန်ဖိုး ကျပ် ၃ သိန်းခွဲခန့် ပျက်စီးခဲ့ပြီး ဝါယာကြိုး ၁ ချောင်းနှင့် ဆိုင်ကယ်ဘက်ထရီအိုး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။