


ယနေ့ နိုဝင်ဘာ (၂၀) ရက်တွင် ပြုလုပ်မည့် 2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို အချိန်အနည်းငယ် ပြောင်းလဲသတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။
ယင်း ပွဲစဥ်အတွက် မြောက်ကိုရီးယားအသင်း သတင်းစာရှင်းလင်းပွဲကို
ယခင်က နိုဝင်ဘာ(၂၀)ရက် နေ့လည် (၂)နာရီအစား ညနေ(၃)နာရီ (၄၅)မိနစ် သို ပြောင်းလဲသတ်မှတ်ထားပြီး၊ မြန်မာအသင်း၏ သတင်းစာရှင်းလင်းပွဲကို ညနေ (၅)နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။