တရုတ်နိုင်ငံသို့ တင်ပိုမည့် ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို ကျိုင်းတုံနှင့် လွယ်ဂျယ် နယ်စပ်
ကုန်သွယ်ရေးခန်းများမှ တင်ပို့ သွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပုတ်သိုးလွယ်ပြီး ကြာရှည်မခံသည့် ပန်းဂေါ်ဖီ၊ ဖရဲသီးနှင့် သခွားမွှေးအပါအဝင် ရေထွက်ကုန်များကို ကုန်သည်များ အနေဖြင့် ကြိုတင်ဝယ်ယူထားမှုရှိနေသည့်အတွက် စရိတ်အသက်သာဆုံးနည်းလမ်းဖြင့် လမ်းကြောင်းပြောင်းလဲတင်ပို့ ရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။” ကုန်တွေက ကြိုပြီးဝယ်ထားတာတွေဆိုတော့ မဖြစ်မနေပို့ ရတော့မယ်ဟု ပြောကြားခဲ့ပါတယ်။