နိုင်ဝင်ဘာ ၁၁ ရက်၊ နေ့လည် ၁ နာရီခွဲခန့်မှာ KIA အကြမ်းဖက်သောင်းကျန်းသူများသည် ခလရ(၁၀၅)ရင်းဌနခ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်မှ ၆၀ မမ စိန်ပြောင်းများဖြင့် တပ်အား နှောင့်ယှက်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်သည် ရင်းဌနခသို့ မရောက်ဘဲ လျော့ကျသဖြင့် ဆားမှော်ရွာ၊ ရက်ကွက် ၄ (အောင်သီရိရပ်ကွက်)သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသူ/ရွာသားများဖြစ်သည့် –
(၁) ဦးကရိန်နော်အောင် (သေဆုံး)
(၂) ဦးသန့်ဇင် (သေဆုံး)
(၃) မောင်အောင်နိုင်သူ (ဒဏ်ရာရ)
(၄) ဒေါ်ဇင်မာထွန်း (ဒဏ်ရာရ)
(၅) ဒေါ်ခေါန်လု (ဒဏ်ရာရ)
(၆) ဒေါ်ညွန့်ညွန့်ရီ (ဒဏ်ရာရ) တို့ သေဆုံး/ဒဏ်ရာရရှိခဲ့ကြပါသည်။
ဒဏ်ရာရရှိသူများအား တပ်မတော်နှင့် ပရဟိတအဖွဲ့များပူးပေါင်းပြီး မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။



