နိုင်ငံသားကောင်းများမွေးဖွားရာ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်ရဲ့ အခြေခံတပ်သားသစ်သင်တန်းဆင်းပွဲအား ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီး သင်တန်းကာလအတွင်းမှာ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ကျောင်းအုပ်ကြီးမှ ဆုများချီးမြှင့်ခဲ့ပါတယ်။ နိုင်ငံအနှံ့ရှိ တပ်သားသစ်သင်တန်းကျောင်းများမှ အရည်အချင်းပြည့်ဝတဲ့ စစ်သည်ကောင်းများကို အပတ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။










