



ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားတစ်စီး နိုဝင်ဘာ (၁) ရက်က တိမ်းမှောက်မှုဖြစ်ပွားကာ (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ထိုင်းနိုင်ငံ၊ ဆွမ်ဖောင်ခရိုင်၊ စလွေမြို့ ၊ ဗန်းဖလရွာ စစ်ဆေးရေးဂိတ်တစ်ခုတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားကို ဒေသခံအာဏာပိုင်များ စစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ထိုင်းရဲတပ်ဖွဲမှ လိုက်လံဖမ်းဆီးစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။