ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းမြို့တွင် ယနေ့ အောက်တိုဘာ ၂၅ ရက်ည၌ ကျင်းပနေသည့် Miss Grand International 2023 သရဖူရွေးချယ်ပွဲကြီးတွင် မြန်မာအလှမယ် နီနီလင်းအိမ်သည် COUNTRY’S POWER OF THE YEAR ဆုကြီးကို အိမ်ရှင်ဗီယက်နမ်မယ်နှင့် နောက်ဆုံအဆင့်ယှဉ်ပြိုင်ကာ အနိုင်ရရှိသွားပါတယ်။ နီနီလင်းအိမ်သည် နောက်ဆုံး ဆန်ကာတင် ၂၀ ဦးအဆင့်လည်းတက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။



