



ရှမ်းပြည်(မြောက်ပိုင်း) သိန္ဒီမြို့နယ် နမ့်ဆလပ်ကျေးရွာအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖာတဲကျေးရွာဘက်မှ မသင်္ကာဖွယ်အမျိုးသား ၃ ဦး မောင်းနှင်စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ဆက်လက်မောင်းနှင်ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-
(၁) KIA အဖွဲ့မှ တပ်ဖွဲ့ဝင်၃ ဦး
(၂) AK-47 သေနတ် ၁ လက်
(၃) ၇.၆၂* ၃၉ မမကျည် ၂၀ တောင့်
(၄) ကျည်အိမ် ၂ ခု
(၅) လမ်းလျှောက်စကားပြောစက် ၁ လုံး
(၆) လက်ကိုင်ဖုန်း ၁ လုံး
(၇) ဆိုင်ကယ် ၂ စီးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။