မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ပူးပေါင်းကျင်းပသည့် မြန်မာ-ဂျပန်စီးပွားရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည် ဦးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး…