🌷အပြစ်နည်းအောင်နေထိုင်ပါ🌷
အပြစ်တင်မှုတွေ များတာထက်
ခွင့်လွှတ်မှုတွေများဖို့ ကြိုးစားပါ ။
သူများကို ဝေဖန်တာထက်
ကိုယ့်မှာအရည်ချင်းရှိဖို့ ကြိုးစားပါ ။
သူများအပြစ်ကို မြင်နေတာထက်
မိမိမှာအပြစ်နည်းအောင် နေထိုင်ပါ ။
သူများစိတ်ထား ဘယ်လိုရှိရှိ
ကိုယ့်စိတ်ထားလေး နူးညံ့စွာ ရှိနေပါ ။
အသုံးမ၀င်တဲ့
ဘေးစကားတွေကို ရင်ထဲမထားပဲ
ဘ၀လမ်းကြောင်းမှန်စွာ နေထိုင်ပါ ။
သူများမကောင်းတာဟာ
သူ့တို့အကြောင်းနဲ့သူတို့သွားမှာဖြစ်လို့
ကိုယ်က ပေါင်းပြီးတော့ အပူမခံပါနဲ့ ။
တိတ်ဆိတ်စွာနဲ့သည်းခံပေးလိုက်ရင်
ကိုယ့်မှာလည်း အကုသိုလ်နည်းသလို
ရင့်ကျက်မှုလည်း ဖြစ်လာပါတယ် ။
စကားရှည်ရင် အမှားတွေတည်နိုင်လို့
တရားသဘောလေးနဲ့ ထိန်းသိမ်းပြီး
ကိုယ့်ဘ၀ကို ဘေးကင်းမှုရှိအောင်
ပညာသာပါပါ နေတတ်ဖို့ ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏