အောက်တိုဘာ ၁၂ ရက်နေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ရိက္ခာအမယ်(၄)မျိုးနှင့်ခြံထွက်ကြက်ဥများအားဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ထောက်ပံ့ပေးခဲ့ပြီး တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေးပေးခဲ့ကြောင်း သိရှိရပါတယ်။






