လူတစ်ယောက်နဲ့ တစ်ယောက်မှာ လေးစားမှုရှိရပါတယ် အပြန်အလှန်လေးစားမှုဆိုတဲ့ အခြေခံသဘောတရားလေးမှ မတတ်ရင် ကိုယ့်ကိုလဲ ဘယ်သူမှ လေးစားမှာမဟုတ်ပါဘူး…
လူဆိုတာ ကိုယ့်နေရာကိုယ်သိရပါတယ်။ အနေမတတ်ရင် အသေကြပ်ပါတယ်။
ပညာရှိတဲ့ လူတစ်ယောက်ဖြစ်လာအောင် စာအုပ်များများဖတ်ပါ။ များများလေ့လာပါ။ များများတွေးတောကျင့်ကြံပါ။ သူတစ်ပါးကိုကြည့်မယ့်အစား ကိုယ့်ကိုယ်ကိုပဲကြည့်ပါ။ ကိုယ့်ကိုယ်ကိုပဲ ပြင်ဆင်ပါ။ ဒါမှသာ အမှားနည်းတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆုံး ဖွံဖြိုးတိုးတက်လာပါစေ အားလုံး ကျန်းမာ ချမ်းသာကြပါစေ
စည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေ သဘာဝဘေး ကပ်သုံးပါးဘေး ကင်းဝေးကြပါစေ
ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ