


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသောဒေသခံပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့မှ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ပြီးနောက် ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါတယ်။