လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းပဋိပက္ခမှာ ဗြိတိန်နိုင်ငံက တိုက်ရိုက်ပါဝင်နေရုံသာမက ထဲထဲဝင်ဝင်ပါဝင်နေတာဖြစ်တယ်လို့ ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကပြောပါတယ်။ ဗြိတိန်နိုင်ငံက ယူကရိန်းအနေနဲ့ တာဝေးပစ်အနိမ့်ပျံဒုံးကျည်များကို ပြည်တွင်းမှာတင်ထုတ်လုပ်နိုင်စေမယ့် လျှို့ဝှက်အချက်အလက်တွေကို ပံ့ပိုးပေးသွားမယ်ဆိုတဲ့အစီအစဉ်ကိုထုတ်ပြန်လာပြီးနောက် ရုရှားဘက်ကအခုလိုမျိုးပြောလာတာပါ။ ဗြိတိန်အစိုးရက Storm Shadow ဒုံးကျည်ကိုမှ ပြင်သစ်နိုင်ငံထုတ်ပုံစံဖြစ်တဲ့ SCALP ဒုံးကျည်အတွက် ဗြိတိန်နိုင်ငံထုတ် အစိတ်အပိုင်းများနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ယူကရိန်းအစိုးရဆီထုတ်ပြန်ပေးသွားဖို့ သက်ဆိုင်ရာကာကွယ်ရေးကုမ္ပဏီကို ညွှန်ကြားထားပါတယ်။ အဲဒီဒုံးကျည်အမျိုးအစားက ဝေဟင်ပစ်ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၂၅၀ ကျော်အထိသွား နိုင်ပါတယ်။ နည်းပညာကိုတော့…