ကိုယ်တိုင်ပြုထား ကုသိုလ်များ
တစ်နေ့နေ့တစ်ချိန်ချိန်
လူ့လောကကြီးထဲကနေ
ကိုယ်ထွက်ခွာသွားခဲ့သော်
ကျန်ရစ်သူမိသားစုတွေက
ကိုယ့်အတွက်ရည်စူးပြီး
ကုသိုလ်ကောင်းမှုတွေ
ဘယ်လောက်ပဲ ပြုလုပ်ပေးနေ
ပါစေ
သာဓုခေါ်နိုင်တဲ့ အခွင့်အလမ်း
ရှိမှသာ ..သာဓုခေါ်ဆိုနိုင်မှာပါ။
လိပ်စာမပါတဲ့ဖိတ်စာတစ်စောင်လို
ဘယ်ပို့လို့ ပို့ရမယ် မသိ ဖြစ်နေပါ
လိမ့်မယ်။
မသေချာ မရေရာပါဘူး။
ဒါ့ကြောင့်
အသက်ရှင်စဥ်ကာလလေးမှာ
ကိုယ်တိုင်ကိုယ်ကျ ကုသိုလ်ဒါန
ပြုပေးပါ။
သီလ ဆောက်တည်ပါ။
ဘာဝနာ ပွားပါ။
ကိုယ်တိုင်လှူပြီး ကိုယ်တိုင်ရေစက်
ချပါ။
ကိုယ်ပြုတဲ့ကုသိုလ်ကို ကိုယ်တိုင်
ပီတိဖြစ်ပြီး
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ။
လူ့ဘဝဆိုတာ
ကွေးသောက်လက် မဆန့်မီ
ဆန့်သောလက် မကွေးမီ
အချိန်ကာလမရွေး
မရဏမင်းက လာခေါ်နိုင်ပါတယ်။
မရဏမင်းရဲ့လာခေါ်ခြင်းအတွက်
ကိုယ်တိုင်ပြုထားတဲ့ကုသိုလ်တရားတွေနဲ့
သက်တောင့်သက်သာလိုက်ပါသွား
နိုင်ဖို့
အသင့်ပြင်ဆင်ထားဖို့လိုပါတယ်။
🙏🙏🙏အရှင်ဇဝန(လယ်ဝေး)🙏🙏🙏