ပိုလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဖာန်ဒို ဆန်းတိုစ်ကို နည်းပြရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆန်းတိုစ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ ပိုလန်လက်ရွေးစင်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
ပေါ်တူဂီ နည်းပြဟောင်း ဆန်းတိုစ်ဟာ ပေါ်တူဂီနဲ့ လမ်းခွဲခဲ့ပြီးနောက် ပိုလန်အသင်းနည်းပြအဖြစ် စုစုပေါင်း (၆)ပွဲ ကိုင်တွယ်ခဲ့ရာ (၃)ပွဲနိုင် (၃)ပွဲရှုးခဲ့ပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာလည်း ချက် မော်လ်ဒိုဗာ နဲ့ အယ်လ်ဘေးနီးယားတို့ကို ရှုံးနိမ့်ထားခဲ့သေးတာကြောင့် အခုလို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်လိုက်ရတာပဲ ဖြစ်ပါတယ်။