လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီး၌ ဝေလင်းထွန်း မောင်းနှင်ပြီး အောင်သူဖြိုးနှင့်ပြည့်ဖြိုးဟိန်း(ခ)ဖက်တီးတို့ လိုက်ပါလာသော ALPHARD မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရယင်းနေ့ နံနက် ၉ နာရီခွဲအချိန် ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီး ချုံအတွင်းမှဆာလာအိတ်များဖြင့်ထည့်ထားသည့်စိတ်ကြွဆေးပြား ၆၂…