အီရန်စစ်ပွဲကိုအဆုံးသတ်ဖို့ ကြိုးပမ်းနေစဉ် အိုမန်နိုင်ငံဘက်ကသာ အဟန့်အတားပြုလုပ်လာမယ်ဆိုရင် အိုမန်ကို ဗုံးကြဲမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၇ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အီရန်စစ်ပွဲ စတင်ခဲ့တာ ၆ လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိသေးဘဲ ရေရှည်ကြန့်ကြာနေချိန်မှာထရမ့်က အခုလိုသတိပေးချက် ထုတ်ပြန်လိုက်တာပါ။ “အိုမန်သာ အဟန့်အတားလုပ်လာရင် သူတို့ကို ပြင်းပြင်းထန်ထန် ဗုံးကြဲပစ်မယ်” လို့ ထရမ့်က Fox News သတင်းဌာနနဲ့…