မြန်မာ့လက်ရွေးစင် အသင်းနှင့် နီပေါ လက်ရွေးစင် အသင်းတို့၏ FIFA International “A” Friendly Matches ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၈နှင့် ၁၁ ရက်များတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်ရာ မီဒီယာများ အနေဖြင့် အဆိုပါ ပွဲများကို သတင်းများ လာရောက်ရယူနိုင်ပါသည်။
ထိုပွဲစဉ်များအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၇ ရက် နေ့လယ် ၁း၀၀ နာရီတွင် သုဝဏ္ဏ ကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကိုလည်း မီဒီယာများ အနေဖြင့် သတင်းလာရောက် ရယူနိုင်ပြီး သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မြန်မာနှင့် နီပေါ ပွဲစဉ်များအတွက် မီဒီယာ ဝင်ခွင့် ကတ်ပြားများကို ထုတ်ပေးမည် ဖြစ်ပါသည်။