ကော့ကရိတ်ဘက်ကတိုက်ပွဲမှာ တပ်မတော်မှ အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းနှင့် ကော့နွဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ တပ်မတော်မှ ဗိုလ်မှူးအပါအဝင် ဒုဗိုလ်တစ်ဦး ၊တပ်ကြပ်တစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုဘက်မှ သုံးဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Saw Dragon Drone Force – SDDF အဖွဲ့ကပြောဆိုထားကြောင်း စက်တင်ဘာလ ၃ ရက်တွင် Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ် တောင်ကြာအင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် SDDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် စစ်သည် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Mizzima မှ ဖြစ်စဉ်ကိုပုံကြီးချဲ့ကာ တပ်မတော်မှ ဗိုလ်မှူး၊ ဒုဗိုလ်အပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။