2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် စက်တင်ဘာလ ၃ ရက် မနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ရောက်ရှိခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန်အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာလ ၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁:၃၀ နာရီတွင်စတင် ကစားရမည်ဖြစ်ပါတယ်။



