တြိဂံဒေသတိုင်းစစ်ဌာချုပ်အတွင်း တိုင်းမှူးဒိုင်းမိုးရာသီဘောလုံးပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ်ကစားကွင်းတွင် ကျင်းပခဲ့ပါတယ်။ တပ်မတော်သားများအနေဖြင့် တပ်နေပျော်စေရန်၊ ကိုယ်ကာယကြံ့ခိုင်သန်မာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ယခုကဲသို့ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် တပ်အလိုက်စည်းလုံးညီညွှတ်မှုများတိုးပွားလာသလို တပ်မတော်အတွက် မျိုးဆက်သစ်အားကစားသမားများလည်း ပေါ်ထွန်းလာမှာပဲဖြစ်ပါတယ်။








