နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ ….. ကျန်းမာတယ်ဆိုပြီး တစ်နေ့ကို တစ်ခွက်လောက် ပုံမှန်သောက်ဖြစ်နေတဲ့ နွားနို့ ကို သောက်နေပေမယ့် ဒါတွေရောသိပြီးရဲ့လား….။ ကြိုက်လို့ပဲသောက်သောက်၊ ကျန်းမာအောင်ဆိုပြီးပဲသောက်သောက် နွားနို့သောက်မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိထားပေးပါ။

နွားနို့ တစ်ခွက်မှာပါတဲ့ အာဟာရတွေက ဘာတွေများလဲ

နွားနို့တစ်ခွက် သောက်လိုက်တိုင်း အခုပြောတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိနေမှာပါ။

  • အဆီဓာတ်
  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • ကယ်လ်ဆီယမ်
  • ဗီတာမင် ဒီ
  • ဖော့စဖောရပ်စ်
  • ရေဓာတ်
  • မဂ္ဂနီဆီယမ်
  • ပိုတက်ဆီယမ်
  • ဗီတာမင် အေ
  • ဗီတာမင် B2
  • နီယာဆင်တို့ပါဝင်နေပါတယ်။

နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ ဆိုတော့

  • နွားနို့ကို ဘယ်အချိန်သောက်တာအကောင်းဆုံးလဲ

မနက်လား၊နေ့လယ်လား။ ညနေလား ဒါမှမဟုတ် ညအိပ်ခါနီးလား။ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။

မနက်ခင်းသောက်ရင် ….. အစာကြေခဲပြီး အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။

နေ့လယ်ခင်းသောက်ရင် ……. ဆီးလမ်းကြောင်း ကျောက်တည်တာကို သက်သာစေပြီး အင်အားပြည့်စေပါတယ်။

ညနေခင်းသောက်ရင်……..မျက်လုံးကျန်းမာစေနိုင်တယ်။

ညအိပ်ခါနီးသောက်ရင်….. ပင်ပန်းတာကို သက်သာစေတယ်။ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။

  • နွားနို့က လူတိုင်းနဲ့ တည့်လား

နွားနို့က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့် လူတိုင်းနဲ့ မတည့်ပါဘူး။ နို့သကြားဓာတ်မစုပ်ယူနိုင်သူတွေက နွားနို့မသောက်သင့်ပါဘူး။

  • တစ်နေ့ကို နွားနို့တစ်ခွက်ပဲ သောက်သင့်တယ်

အသက် ၈ နှစ်အထက် ကလေးတွေကနေစလို့ လူကြီးတွေဟာ တစ်နေ့ကို နွားနို့ ၂ ခွက်သောက်သုံးလို့ရသလို အခြားနို့ထွက်ပစ္စည်းတွေလည်း စားသုံးလို့ရပါတယ်။

  • နွားနို့တိုင်းက ဘေးကင်းတယ်

နွားနို့က အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုမှန်ပေမယ့် ပြင်ဆင်ထုတ်ပိုးချိန်မှာ ရောဂါပိုးတွေ ကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွားနို့တိုင်းဘေးကင်းတယ်လို့ မဆိုသာပါဘူး။ နွားနို့သောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့ နွားနို့ကို ရွေးချယ်ဖို့လိုပါမယ်။

  • ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်လို့ရလဲ

တစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပေမယ့် တစ်နှစ်ပြည့်ပြီးရင်တော့ နွားနို့တိုက်လို့ရပါပြီ။

နို့ကို အစိမ်းသောက်လို့လည်းရတယ်

နွားနို့ကိုသေချာကျက်အောင်ကျိုပြီးသောက်တာကဘေးအကင်းဆုံးပါ။ ဒါမှ အာဟာရပြည့်ဝပြီးရောဂါပိုးကင်းတဲ့ နွားနို့တစ်ခွက်ဖြစ်လာမှာပါ။

နွားနို့ဝယ်ရင် သတိထားရမယ့်အရာတွေက

ထုပ်ပိုးမှုက ဘေးကင်းစိတ်ချရရဲ့လားဆိုတာကို သေချာကြည့်ဖို့လိုပါမယ်။ ထုပ်ပိုးမှုက ပွင့်နေတာ၊ ပေါက်ပြဲနေတာမျိုးဆိုရင် ရောဂါပိုးတွေ ဝင်နေနိုင်တာကြောင့် မသောက်သင့်ပါဘူး။

  • ကုန်ဆုံးရက်ကို စစ်ဆေးပါ

ကုန်ဆုံးရက်ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။ ကုန်ဆုံးရက် အရမ်းနီးနေတာမျိုးကို ဖြစ်နိုင်ရင်မဝယ်ပါနဲ့။

  • ပိုးသတ်ထားလား သေချာစစ်ပါ

နွာနို့ ဝယ်တဲ့အခါ ရောဂါပိုးတွေပါ အဆစ်ပါ မလာစေဖို့ သေချာ ပိုးသတ်ထားတယ် ဆိုတဲ့ နွားနို့မျိုးကို ရွေးချယ်ပါ။

  • သေချာသိမ်းဆည်းပါ

နွားနို့ကို တစ်ခါတည်းနဲ့ ကုန်အောင် မသောက်ဖြစ်ဘူး ဆိုရင် ဘူးမှာ ရေးထားတဲ့ သိမ်းဆည်းနည်းကို သေချာ ဖတ်ပြီး သိမ်းဆည်းပါ။ ရေခဲသေတ္တာထဲ ထည့်ရမှာကို အခန်း အပူချိန်မှာ ထားရင် အာဟာရ ပျက်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုး ဖြစ်လာစေနိုင်ပါတယ်။

( Hello ဆရာဝန်)