ချယ်လ်ဆီးအသင်းသည် ဆန်းတို့စ်အသင်းမှဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူး
ဝါရှင်တန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် ဝါရှင်တန်၏စာချုပ်သက်တမ်းမှာ ခုနစ်နှစ်ဖြစ်ပြီး
တစ်နှစ်သက်တမ်းတိုးခွင့်ပါ ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးမှာ ယူရို ၁၆ သန်းနှင့် Add-ons ကြေး ယူရို ၄ သန်းဖြစ်ပါတယ်။


