မေတ္တာဆိုတာကိုယ်တိုင်ပွားရတယ်

တစ်ချို့က တပည့်တော်ကို မေတ္တာပို့ပေးပါဘုရားလို့ဆိုပြီးတော့

သူများ မေတ္တာကို ခံယူချင်ပါတယ်လို့ လျှောက်ကြတယ်။

တကယ်တော့ မေတ္တာဆိုတာ ကိုယ်တိုင်ပွားရမယ့်အရာသာဖြစ်တယ်။

ကိုယ်က သူများရဲ့မေတ္တာကို ခံယူချင်တယ်ဆိုတာဟာ

ကိုယ်တိုင်လုပ်ရမှာ ပျင်းသလို ဖြစ်နေတယ်ပေါ့။

မေတ္တာအကျိုး(၁၁)မျိုးဆိုတာ ကိုယ်တိုင်မေတ္တာပို့တဲ့ပုဂ္ဂိုလ်မှ ရတာ။

သူများမေတ္တာခံယူရုံနဲ့ မေတ္တာအကျိုး (၁၁)မျိုး ရမှာမဟုတ်ဘူး။

ဒါကြောင့်မို့ မေတ္တာ ဆိုတာကိုယ်တိုင်ပွားရတာသာဖြစ်တယ်။

သို့သော် ဒကာ၊ ဒကာမတွေက ဆရာတော်တွေနဲ့ တွေ့တဲ့ အခါ လျှောက်လေ့ရှိတယ်။

“တပည့်တော်ကို မေတ္တာပို့ပေးဘုရား” တို့၊ “အရှင်ဘုရားမေတ္တာခံယူပါတယ်’တို့

အဲဒါကိုယ်တိုင်ပို့ရမှာကို မေ့လျှော့ပြီး ပြောတဲ့စကားမျိုး ဖြစ်နေတယ်။

မေတ္တာဆိုတာ ကိုယ်တိုင်ပွားရမယ်လို့မှတ်ထားပြီး ကိုယ်ကိုယ်တိုင်က မေတ္တာပွားဖို့လိုအပ်ပါတယ်။

ကိုယ်ကိုယ်တိုင်မေတ္တာပွားမှ အန္တရာယ်ဟာ အပြည့်အဝကင်းမှာ ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ