လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားစေရန်နှင့် လူမှုစီးပွားဘဝလုံခြုံတိုးတက်စေရန်အတွက် အဓိက အရေးကြီးသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများနှင့် အချို့သော EAOs အဖွဲ့ များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားကဏ္ဍနှင့်အခြားသောလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရှိရသည်။ ထိုသို့ လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများသည် ဇူလိုင်…