အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ အပူဇော်ခံကြွမယ်

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ လာမည့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး အပူဇော်ခံကြွမယ်လို့ ဂေါပကအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ် ၉ ရက်နေ့တွင်ပြုလုပ်သည့် မြို့နယ် သံဃနာယကအဖွဲ့ဆရာတော်များ ဖောင်တော်ဦးမြတ်စွာဘုရား ဩဝါဒါ စရိယ ဆရာတော်များနဲ့ ဘုရားဂေါပကအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များကို သီတင်းကျွတ်လဆန်း (၁) ရက် (အောက်တိုဘာ ၁၅) နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် (၃) ရက် (နိုဝင်ဘာ ၁ )ရက်နေ့ထိ အပူဇော်ခံကြွချီမယ်လို့ ဆိုပါတယ်။

အဆိုပါ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ရှေးအစဉ်အလာအတိုင်း (၂၁) ဌာနသို့ အပူဇော်ခံ ကြွချီမယ်လို့ ဆိုပါတယ်။