“ဘဝဆိုတာ
ဒုက္ခတွေကြားထဲမှာ
ပျော်အောင်နေခြင်းပါပဲ”
မမြဲတဲ့လက်တွေကို
မျှော်လင့်နေမယ့်အစား
တွဲထားတဲ့လက်ကိုဘဲ မြဲမြဲကိုင်ထားပါ။
တွန်းချတဲ့ လက်တွေကို
မေ့ပစ်လိုက်ပြီး
ဆွဲတင်ခဲ့တဲ့ လက်တွေကိုသာ အမှတ်ရနေပါ။
အတိတ်ဆိုးတွေနဲ့
အနာဂတ်အိမ်တွေဆီ
အလည်မသွားဘဲ
ပစ္စုပ္ပန်အိမ်မှာပဲ နေပါ။
ကြင်နာမှု့မှ မရှိတဲ့သူကို
သေအောင် ဖက်တွယ်ထားလည်း
နာကျင်မှုနဲ့သာ အဆုံးသတ်ရမှာ
မဟုတ်လား……….?။
မရောင်တဲ့အရာကို ဆီမလူးဘဲ
ဒဏ်ရာ ဒဏ်ချက်တွေကိုပဲ
ဦးစားပေး ဆေးထည့်ပါ။
ဘဝဆိုတာ
အားလုံး ထင်ထားတာထက်
ပိုပြီး တိုတောင်းတယ်။
တိုတောင်းလှတဲ့ ဘဝလေးမှာ
ကိုယ့်ကိုယ်ကိုယ်
ရွှင်လန်းအောင်သာနေပါတော့။
ဘဝဆိုတာ
ဒုက္ခတွေကြားမှာ
ပျော်အောင်နေခြင်းပဲ မဟုတ်လား။