တစ်နေ့ကြရင်
အရာအားလုံးကထားခဲ့ရမှာ
ကိုယ်ကြိုက်တဲ့အရာပဲဖြစ်ဖြစ်
ကိုယ်မကြိုက်တဲ့အရာပဲဖြစ်ဖြစ်၊
ကိုယ်တွယ်တာတဲ့သူပဲဖြစ်ဖြစ်
ကိုယ်မတွယ်တာတဲ့သူပဲဖြစ်ဖြစ်၊
တစ်နေ့ကြရင်ထားခဲ့ရမှာ
ဘယ်အရာမှယူသွားလို့ရမှာမဟုတ်ဘူး
ကိုယ်တကယ်
ယူသွားလို့ရမယ့်အရာတွေက၊
ကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်း
လေးတွေပဲ
တရားရတာတွေ၊မရတာတွေကို
ခဏအသာထားလိုက်ဦး
ဒီစိတ်ကောင်းနှလုံးလေးတွေကိုသာ
ယူသွားခဲ့မယ်ဆိုရင်
နောင်အနာဂတ်ဘဝတွေမှာ
မျက်နှာပန်းလှလှအထက်တန်းကျကျ
နေနိုင်မယ်
စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူကို
လူအများကလည်း
ချစ်ခင်ရိုသေကြမယ်
ကြည်ညိုလေးစားကြမယ်
ချစ်ခင်ရိုသေမှု
ကြည်ညိုလေးစားမှုဆိုတာ
ပိုက်ဆံပေးဝယ်လို့ရတဲ့အရာမဟုတ်
ပါဘူး
ကိုယ့်ရဲ့စိတ်စေတနာကြောင့်
ဖြစ်ပေါ်လာတဲ့လူတွေရဲ့
ယုံကြည်မှုတစ်ခုတာဖြစ်တယ်
အဲဒီတော့
ဘယ်ဘဝမှာပဲရောက်
ဘယ်နေရာမှာပဲရောက်
မျက်နှာပန်းလှလှနဲ့
အထက်တန်းကျကျနေနိုင်မယ့်
အမြဲတမ်းအထက်တန်းကျနေမယ်
စိတ်ကောင်းနှလုံးကောင်းလေးတွေကို
ယခုဘဝမှာကတည်းက
အလေ့အကျင့်ဖြစ်အောင်
မွေးမြူသင့်ပါတယ်
တည်ဆောက်သင့်ပါတယ်
ယခုဘဝမှာကတည်းက
ဒီစိတ်လေးတွေကို
မမွေးမြူနိုင်ဘူး၊
မတည်ဆောက်နိုင်ဘူးဆိုရင်တော့
နောင်သံသရာဆိုတာကတော့
မျှော်မှန်းမနေပါနဲ့တော့။ ။
အရှင်ကေသရဓမ္မစမ်းရေ