ပါဝင်ပစ္စည်းများ
ပဲပြား- ၂ တုံး
ခရမ်းချဉ်သီး – ၂လုံး
ကြက်သွန်နီ-၁လုံး
ကြက်သွန်ဖြူ – ၄ မွှာ
ငရုတ်သီး – နီ စိမ်း ၄ တောင့်
နံနံပင်- အနည်းငယ်
မှို ၇ ပွင့်
သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
သကြား- အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဆီ- စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ၊ကြက်သွန်နီထောင်းထားပြီး ဒယ်အိုးထဲမှာ ဆီသတ်ပါ။အနံမွှေးလာပြီ ဆိုရင်ငရုတ်သီးစိမ်းပါးပါးလှီး ဆီသတ်ထည့်ပါ။
၂။ ခရမ်းချဉ်သီးကို အတုံးသေးများတုံးပြီး ထည့်ပါ။ ပဲပြားကိုသေချာတုံးပြီး မှိုထည့်ပါ။
၃။ အရသာများထည့်ပြီး ရေထည့်ကာ ၃ မိနစ်ခန့်ထားပါ။
၄။ အရသာမှာ ချို၊စပ်၊စိမ့် အရသာဖြစ်ပြီ ဆိုရင် နံနံပင်ကို နှပ်နှပ်စင်းပြီး ဖြူးထည့်ပေးပါ။
၅။ အနံ့၊အရသာပြည့်စုံပြီ ဆိုရင် ပန်းကန်ပြားထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။