တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့မှာ ဒီကနေ့ (ဇူလိုင် ၂၃ ရက်) မနက် ၈ နာရီခွဲအချိန်ခန့်က မိုးအဆက်မပြတ်ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီမိုးရွာသွန်းမှုကြောင့် လောင်းလုံးမြို့ (က)ရပ်ကွက်၊ မြေနိမ့်ပိုင်းနေရာဖြစ်တဲ့ ထားဝယ်- ရှင်မော်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၅/၈)နှင့်(၁၅/၉)ကြားမှာ လမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရေကျော်နေတဲ့နေရာကို လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်ပြီး လမ်းသွားလမ်းလာ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Crd; mhtnews

